Monday, July 29, 2013

ကာရံမဲ့ချစ်လိပ်ပြာ-၎

အချစ်ဆိုတာ ပေးဆပ်ခြင်းလား
ရယူပိုင်ဆိုင်ခြင်းလား
တစ်ချို့က ကိုယ့်ဘက်
တစ်ချို့က ကိုယ့်ဘက်နဲ့သူ့ဘက်
တစ်ချို့က သူ့ဘက်
ဘာပဲဖြစ်ဖြစ်
ကိုယ်ကတော့
အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်း
တစ်ခုထက် မပိုခဲ့တာတော့
အမှန်ပါ..........။

Monday, July 8, 2013

ကာရံမဲ့ ချစ်လိပ်ပြာ-၃

အမြင် အကြား အသိ
အရာအားလုံးမှာ
သူ့မျက်နှာ သူ့အသံနဲ့ သူပဲစိုးမိုးလို့
တကယ်တမ်း သူ့ကိုတွေ့တော့
လျှပ်စစ် အာရုံခံ ကျဉ်စက်တစ်ခုက
ကြားခံနယ် သွေးကြောတွေကို
ဖြတ်သန်းစီးစင်းလို့
နှလုံးသားကို တစ်ကြိမ် တစ်ခါ ခုန်စေခဲ့တယ်
၁ မိနစ်အတွက် သွေးခုန်နှုန်းက
၇၂ကြိမ်ဆိုပေမယ့်
သူ့မျက်ဝန်းနဲ့ ဆုံမိခိုက်မှာ
၁ စက္ကန့်အတွက် ကျွန်တော့်သွေးခုန်နှုန်း
၇၂ကြိမ်ထိလို့ ထင်မှားလောက်အောင်
ရင်ခုန်ခဲ့မိတယ်
ဘာ့ကြောင့်မှန်းတော့ မသိပါ
သေချာတာတစ်ခုကတော့
ကျွန်တော် သူ့ကို
ချစ်မိ
နေပြီ
ဆိုတာပါပဲ

ကာရံမဲ့ ချစ်လိပ်ပြာ-၂

အသည်းကို သူခွဲ
အချစ်ကို သူယူပြီး
အမုန်းတရား တွေနဲ့
ကိုယ့်ကို ထားခဲ့တယ်
မာန်မာန ပေါင်းများစွာ
ရင်မှာ ပိုက်လို့
သူပစ်ထားခဲ့တဲ့
ကိုယ့်ရင်ခွင်က
မင်းအတွက်ဆို
အမြဲ
နုပျိုလန်းဆန်းလျှက်ပါပဲ
ကိုယ့်ချစ်သူရယ်.........။

ကာရံမဲ့ ချစ်လိပ်ပြာ-၁

အချစ်ဦး
သည်းဦးပန်းလေးရယ်
မင်းကိုယ့်ကို မုန်းသွားခဲ့တာ
ကြာပြီနော်
ကိုယ် မမေ့ပါဘူး
ကိုယ် သတိရနေဆဲပါ
ကိုယ်နေချင်တာ မင်းလေးနားမှာ
ကိုယ်ချစ်နေတာ မင်းလေးပါ
ကိုယ်မမေ့နိုင်ပေမယ့်
မင်းလေးကိုယ့်ကို မေ့သွားတယ်နော်
ဘာဖြစ်ဖြစ် လွမ်းနေတယ်ဆိုတာ
ယုံပေးပါနော်