Monday, July 8, 2013

ကာရံမဲ့ ချစ်လိပ်ပြာ-၃

အမြင် အကြား အသိ
အရာအားလုံးမှာ
သူ့မျက်နှာ သူ့အသံနဲ့ သူပဲစိုးမိုးလို့
တကယ်တမ်း သူ့ကိုတွေ့တော့
လျှပ်စစ် အာရုံခံ ကျဉ်စက်တစ်ခုက
ကြားခံနယ် သွေးကြောတွေကို
ဖြတ်သန်းစီးစင်းလို့
နှလုံးသားကို တစ်ကြိမ် တစ်ခါ ခုန်စေခဲ့တယ်
၁ မိနစ်အတွက် သွေးခုန်နှုန်းက
၇၂ကြိမ်ဆိုပေမယ့်
သူ့မျက်ဝန်းနဲ့ ဆုံမိခိုက်မှာ
၁ စက္ကန့်အတွက် ကျွန်တော့်သွေးခုန်နှုန်း
၇၂ကြိမ်ထိလို့ ထင်မှားလောက်အောင်
ရင်ခုန်ခဲ့မိတယ်
ဘာ့ကြောင့်မှန်းတော့ မသိပါ
သေချာတာတစ်ခုကတော့
ကျွန်တော် သူ့ကို
ချစ်မိ
နေပြီ
ဆိုတာပါပဲ

No comments:

Post a Comment